Lesson 1

ကယ်လိုရီ ကယ်လိုရီ (Calories)ဆိုသည်မှာ၊ အစားအသောက်များ၏ စွမ်းအင်(energy) တန်ဖိုးဖြစ် သည်။အစားအစာများတွင် ပါဝင်သော စွမ်းအင်တန်ဖိုးကို ကယ်လိုရီဖြင့် တွက်ချက်ကြပါသည်။ အထူးသဖြင့် နိုင်ငံခြားမှ လာသော စားသောက်ကုန် ပစ္စည်းများတွင် ကယ်လိုရီတန်ဖိုးများ ထည့်သွင်း ထားကြပါသည်။ ဆေးများတွင်လည်း လူတစ်ယောက် နေ့စဉ်လိုအပ်သော ပမာဏဖြစ်သည့် ကယ်လို ရီ ၂၀၀၀ အပေါ်အခြေခံပြီး တွက်ချက်ကြပါသည်။ အစားအသောက် ထုတ်ပိုးမှုများတွင်လည်း အလေး ချိန်ဂရမ်အပေါ် မူတည်ပြီး၊ကယ်လိုရီပါဝင်မှုကို သိရှိနိုင်ပါသည်။ထို့ကြောင့်အာဟာရ အကြောင်းပြော မည်ဆိုလျင် ကယ်လိုရီသည် မပါမဖြစ် အရေးပါသည်။ အဝလွန်နေသူများ ပိန်လိုသူများ ပေါများလာ သည့်ယနေ့ခေတ်တွင်၊ ကယ်လိုရီနည်းသောထုတ်ကုန် စားသောက်ကုန်များက ပေါ်ပြူလာဖြစ် ခေတ်စားလာကြပါသည်။ ထို့ကြောင့် ကယ်လိုရီအကြောင်းကို ပိုမိုသိရန် လိုအပ်လာပါသည်။

ကယ်လိုရီ ဘယ်ကလာသလဲ? ကယ်လိုရီဆိုသည်မှာ လက်တင်ဘာသာစကား ‘Calor’ ကနေ ဆင်းသက်လာခြင်းဖြစ်သည်။ ၎င်း၏အဓိပါယ်မှာ အပူ ‘Heat’ ဖြစ်သည်။ ၁၈၂၄-ခုနှစ်တွင် Nicholas Clement ဆိုသူက ကယ်လိုရီ ကို အပူစွမ်းအင်၏ ယူနစ်တစ်ခုအဖြစ် စတင်သတ်မှတ်ခဲ့သည်။နောက်ပိုင်း စားစရာ ပစ္စည်းတွေမှာ ကယ်လိုရီကိန်းဂဏာန်းတွေ ထည့်သွင်းလာကြတယ်။ အစားအသောက် တန်ဖိုးတွေကို တွက်ချက်တဲ့ အခါ ကယ်လိုရီနဲ့ပဲ တွက်ချက်ကြတယ်။အစားအသောက် မဟုတ်တဲ့ တခြားစွမ်းအင်တွေကို Joules နဲ့တွက်ချက်ပါတယ်။နှစ်မျိုးစလုံးဟာ စွမ်းအင်ရဲ့တန်ဖိုးသတ်မှတ်ချက်တွေဖြစ်တယ်။ ပိုရှင်းအောင် ပြောရယင်၊ အကွာအဝေးတစ်ခုကို သတ်မှတ်တဲ့အခါမှာ မိုင်နဲ့ကီလိုမီတာ ကွာခြားသလိုပါပဲ။ ကယ်လို ရီသဘောက ရေတစ်ဂရမ်ကို တစ်ဒီဂရီ အပူချိန်မြင့်တက်လာအောင် သုံးစွဲရတဲ့ စွမ်းအင်ပမာဏ ဖြစ်ပါ တယ်။ သီအိုရီအရ တစ်ကယ်လိုရီမှာ ၄.၂ Joules ရှိပါတယ်။ ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များ ပုံမှန်ရှင်သန်လည်ပါတ်နေစေဖို့အတွက်၊စွမ်းအင်မဖြစ်မနေလိုအပ် ပါသည်။စွမ်းအင်(Energy) သည်ခန္ဓာကိုယ်ရှင်သန်ရေးအတွက် မဖြစ်မနေလိုအပ်ပါသည်။သို့သော် လူတစ်ဦးချင်း၏ အသက်၊ကိုယ်အလေးချိန်၊ ကိုယ်တွင်းကြွက်သားပမာဏအပေါ်မူတည်၍ တစ်ဦးနှင့်တစ်ဦး ကယ်လိုရီလိုအပ်မှုမှာ လုံးဝမတူညီနိုင်ပါ။ အထက်ပါအချက်များကို အခြေခံ၍ လူတစ်ဦးချင်းစီ၏ အခြေခံဇီဝဖြစ်စဉ် စံနှုန်း (BMR) ကိုတွက်ချက်ရပါမည်။ထိုမှတဆင့် လူတစ်ဦးချင်း၏ Daily Activity and exercise expenditure ကိုပါထည့်သွင်းတွက်ချက်ရပါမည်။ တွက်ချက်နည်းစနစ်များကို နောက်ပိုင်းတွင် သင်ကြားပေးပါမည်။