About the course
2017-ခုနှစ် March လ 23-ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့သော မြန်မာ့ပထမဆုံးသော Online Fitness Trainer Academy @ MFTA သည်ယခုဆိုလျင်တည်ထောင်ခဲ့သည်မှာ သုံးနှစ်ခွဲခန့်ရှိခဲ့ပြီဖြစ်ပါသည်။ ထောင်နှင့်ချီသော Fitnessဝါသနာရှင်လူငယ်/မောင်မယ်များကို Fitness Trainer အဖြစ်အောင်မြင်စွာအသက်မွေးဝမ်းကျောင်းပြုနိုင်ရန်၊ တဖက်တလမ်းကအကောင်းဆုံးမြေတောင် မြှောက်ပေးခဲ့ပီးဖြစ်ပါသည်။
Myanmar Fitness Industry အတွက်လိုအပ်မည့်သင်ရိုးကောင်းများကိုသာသင်ကြား နိုင်ရန်အာရုံစိုက်ခဲ့သည့်အတွက်၊ တနှစ်လျင်သင်ရိုးအသစ်တစ်ခုသာသင်ကြားနိုင်ခဲ့ပါသည်။ သို့သော် ထိုသင်ရိုးမှန်သမျှသည်၊ အကျိုးပြုခဲ့သည်ချည်းဖြစ်ပါသည်။ Fitness Nutrition Specialist & Fat Loss Specialist Course ၂-ခုသည် မြန်မာ့ပထမဆုံးဖြစ်ပီး၊ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ပေးနိုင်ခဲ့ခြင်းဖြစ်ပါသည်။
ယခုအခါလည်း ကမ္ဘာနှင့်အဝှမ်းဈေးကွက်လိုအပ်ချက် မြင့်မားလာနေသောအဆီချ/ကိုယ်အလေးချိန်
လျော့ချခြင်းနယ်ပယ်အတွက် အကောင်းဆုံးနှင့်အထိရောက်ဆုံးဖြစ်စေမည့် Fat Loss Specialist
Course ကိုဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါသည်။
ဤသင်ရိုး၏အဓိကဦးတည်ချက်နှစ်ခုမှာ၊
1- မြန်မာတမျိုးသားလုံးပိုမိုကျန်းမာသန်စွမ်းရေး၊အနာရောဂါကင်းရှင်းရေးနှင့်
2- Fitness Professionals အဖြစ်အသက်မွေးဝမ်းကျောင်းပြုနေသော လူငယ်မောင်/မယ်များ ဈေးကွက်ဝေစုအပြည့်အဝရယူနိုင်ရန်နှင့် အောင်မြင်သောအသက်မွေးဝမ်းကျောင်းမှုပြုနိုင်ရန်သာရည်ရွယ်ပါသည်။
ဤ Fat Loss Specialist Course တွင်ရိုးရှင်းတိကျခိုင်လုံသော သင်ခန်းစာ များအပြင်၊ သင်တန်းပီးလျင်လည်း MFTA Trainers Group အခမဲ့ဆက်လက်မျှဝေနေသည့်အတွက် အကောင်းဆုံးဝန်ဆောင်မှုဖြစ်မည်ယုံကြည်ပါသည်။ သင်တန်းသားများအနေနှင့်လည်း၊ဤသင်ရိုးကို မသမာသူများထံမရောက်စေရန် ထိန်းသိမ်းနိုင်ပီး၊ လုပ်ငန်းခွင်တွင်အောင်မြင်ကြပါစေဟုဆန္ဒပြုပါသည်။
Benefits
- Flexible Hours
- Online Learning
- You can learn form any devices