About the course
လှပတဲ့တင်ပါးများအတွက် ၁၂ ပါတ် ခန္ဓာကိုယ်အချိုးအစားလှပလိုတဲ့အမျိုးသမီး များနှင့် သားသားမီးမီးတို့မွေးဖွားပီးနောက် ပိုလှချင်သော်လည်း Gym သွားရန် အချိန်မပေးနိုင် တော့တဲ့မိခင်များအတွက် ယခု Program ကိုမိတ်ဆက်လိုက်ပါတယ်။ မြန်မာဝတ်စုံပဲဖြစ်ဖြစ် Evenings Dress တွေပဲဖြစ် ဖြစ် ဝတ်ဆင်တဲ့အခါ တင်ပါးအလှကအရေးကြီးပါတယ်။ အလှပရေးရာတစ်ခုတည်းထင်မဟုတ်ပဲ သားသားမီးမိီး တို့မွေးဖွားဖို့ကြိုးစားနေကြတဲ့ အိမ်ထောင်ရှင်မမများအတွက်လည်း ကလေးကို ရိုးရိုး မွေးတာမျိုးအတွက် တင်ပါးလေ့ကျင့်ခန်းတွေက မွေးဖွားရာတွင် အထူးအထောက်ကူပြုပါတယ်။ တင်ပါးကြွက်သားတွေဟာ ခန္ဓာကိုယ်အတွင်းထဲက အခြားကြွက်သားများစွာထက် အကြီးဆုံးဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီး အများစုဟာ Personal Impressions အတွက်ရော ကိုယ်ရဲ့ ယုံကြည့်မှူများစွာအတွက်ရော ထိထိမိမိ လေ့ကျင့်တည်ဆောက်ကြ တတ်ပါတယ်။ Direction မရှိပဲ Body Structure ကို Training လုပ်တဲ့အခါမလိုအပ်တဲ့ တင်ပါးမညီခြင်းနှင့် အချိုးအစားမလှခြင်းတို့ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်အချိုးအစားလှပလိုသော အမျိုးသမီး တိုင်းစနစ်တကျ၊ သိပ္ပံနည်းကျ လေ့ကျင်နိုင်ဖို့အတွက် Fit Curvy Program ကို တည်ဆောက်ထားတာဖြစ်ပါတယ်။ Fit Curvy Program ဆိုတာဘာလဲ Gym Workout အပြင် Home workout တွေရယ်လို ့ ၂-ပိုင်းပါဝင်ပါတယ်။ Fit Curvy Program မှာ၊ Gym သွားပီးလေ့ကျင့် လိုသူတွေအတွက် ခန္ဓာကိုယ်တစ်ခုလုံး workout တွေအပြင် တင်ပါးလှပမှုအတွက် Specialization Workout 12-ပါတ် (၃-လစာ) ပါဝင်ပါတယ်။ Gym သွားဖို ့အချိန်မပေးနိုင်သူတွေအတွက်၊ 4-weeks Fit Curvy Challenge ကို ဘာ Tools မှသုံးစရာမလိုဘဲ အိမ်မှာလေ့ကျင့်နိုင်အောင် စီစဉ်ပေးထားပါတယ်။ (ဘယ်သူမှ မ share ဖူး သေးသော ကိုယ်တိုင်ရေးworkout များမို ့ဤ program ထွက်ပီးနောက်မှပေါ်လာသမျှသော၊ဆင်တူ workoutများသည်privacy ချိုးဖောက်ကူးယူတုပခြင်းသာ ဖြစ်ပါလိမ့်မည်) ပရိုဂရမ်ထဲမှာဘယ်လိုလမ်းညွှန်ချက်တွေပါလဲ Program ထဲမှာ Day by Day အသေးစိတ် ပြုလုပ်ရ မည့်လေ့ကျင့်ခန်းများ၊ အကြိမ်အရေအတွက်၊ အနားယူဖို့အချိန်တွေပါ အတိကျဖော်ပြပေးထားသည့် အပြင် Exercise တစ်ခုချင်းဆီတိုင်းအတွက် အသေးစိတ် Video link တွေလည်း ဖော်ပြထားပေးပါတယ်။ Video link ဟုဆိုရာတွင် Youtube မှာ Demonstration video များဖြစ်ပါသည်။ အပိုအနေနဲ့ လေ့ကျင့်ခန်းများကို Admin ဆရာဂျက်နှင့် ဆရာထက်ကျော်၊ဆရာမ သင်းထက်ထက်အောင်တို ့လေ့ကျင့်ပြထားသည်များ ကိုလည်း link ပေးပါမည်။ လေးစားလျက်-
Fit Curvy Admins Team ဆရာနိုင်ဦး-၁၁၉ (Master Trainer -ISSA)
ဆရာJack Logan (Elite Trainwr -ISSA)
ဆရာမ သင်းထက်ထက်အောင် (CPT – MFTA)
Benefits
- Flexible Hours
- Online Learning
- You can learn form any devices